ခင်ဗျားတို့ - - - ကျုပ်တို့က
ရွှေ ဝယ်ရင် ဘောင်ချာထဲပါတဲ့အတိုင်း ၆သိန်း ၇သိန်း ကို
ဈေးမဆစ်ဘူး။ ကြည်ကြည်ဖြူဖြူ ပေးလိုက်ကြတယ်။
ပဲပြုတ်
၁၀၀ိ ဖိုး ၂၀၀ိ ဖိုး ဝယ်တော့ ဈေးကဆစ်သေး အပိုက တောင်းချင်သေးတယ်။
ချဉ်ပေါင်ရွက်
ကန်ဇွန်းရွက်
၁၀၀ိ ဖိုး ၁၅၀ိ ဖိုးကျတော့လည်း ဈေးက မရမက ဆစ်တယ်။
ဆစ်ရလို့ ဝယ်ပြီဆိုရင်လည်း အပိုက မရမကတောင်းချင်တယ်။
ဒီလိုပဲ
ဆိုက်ကား ခ
မြင်းလှည်း ခ ကျတော့လည်း ၅၀ိ-၁၀၀ိက အစ ဈေးဆစ်ကြတယ်။
လေယာဉ် ခ ၁သိန်း ၂သိန်း ကြတော့ ဘယ်သူမှ ဈေးမဆစ်ကြဘူး။
ကိုယ်လုပ်မိတဲ့အလုပ်ကလေးတွေကို ပြန်စဉ်းစားကြည့်ပါ။
Air com အခန်းထဲ စမတ်ကျကျ ဇိမ်ကျကျ ရောင်းပီး အမြတ်အစွန်း ၄-၅ သိန်းယူနေတဲ့လူတွေဆီ ဈေးမဆစ်ပဲ အပိုမတောင်းပဲနဲ့။
နေပူ မိုးရွာ မရှောင် ရှာဖွေရောင်းချပြီးမှ တစ်နေ့စာ မိသားစု ဝမ်းစာရေး ပင်ပင်ပန်းပန်း ရုန်းကန်နေရသူတွေကို ကိုယ်ခြင်းစာပါ။ ငဲ့ညာပါ။ စာနာ နားလည်ပေးကြပါ။
ကိုယ့်အတွက် ပိုက်ဆံ တစ်ရာ ၅၀ိဆယ် ဆိုတာ ဘာမှမဟုတ်ပေမယ့်
သူတို့အတွက်တော့ အဲဒိ ၁၀၀ ၅၀ိဆိုတာဟာ သူ့ဘဝ
သူ့ မိသားစု၊ သူ့ကမ္ဘာဆိုတာ မေ့မထားစေချင်ပါ။
ကျွန်ုပ်ပြောတာ တရားသလား မတရားသလား ဆိုတာကိုတော့ မိမိကိုယ်တိုင်သာ စဉ်းစားကြပါကုန်။
သြော် - - - အခုတောင်မှ အပြင်မှာ မိုးတွေရွာနေသလို
ပဲပြုတ် ဆိုတဲ့ အသံလည်း မိုးပေါက်အသံတွေကြားက ကြားနေရပါလား
ကိုယ်ချင်းစာရားတို့ဖြင့် ကမ္ဘာကြီး အေးချမ်းသာယာ ပါစေ။
Credit......
No comments:
Post a Comment