Thursday, July 4, 2019

မုဒိမ်းကောင်တွေကိုဘယ်လိုအပြစ်ပေးကြသလဲ

မုဒိမ်းကောင်တွေကိုဘယ်လိုအပြစ်ပေးကြသလဲ

နိုင်ငံအသီးသီးကတရားရေးစနစ်တွေဟာဘယ်လိုမုဒိမ်းမှုမျိုးကိုမဆိုကျူးလွန်သူတွေကိုကြီးလေးတဲ့ပြစ်ဒဏ်တွေချမှတ်လေ့ရှိပါတယ်။ ဒီဆောင်းပါးမှာမုဒိမ်းမှု (သက်ငယ်၊ သက်ကြီး ၂မျိုးလုံးပါဝင်) နဲ့ပတ်သက်ပြီးအကြီးလေးဆုံးပြစ်ဒဏ်တွေပေးတဲ့နိုင်ငံတွေအကြောင်းပြောပြချင်ပါတယ်။ သင်ရောမုဒိမ်းကောင်တွေကိုဘယ်လိုပြစ်ဒဏ်ပေးသင့်တယ်လို့ထင်ပါသလဲ။

အိန္ဒိယ

အိန္ဒိယမှာ ၂၀၁၃ခုနှစ်နောက်ပိုင်းကစပြီး သက်ငယ်မုဒိမ်းမှုကျင့်မှုကျူးလွန်တဲ့သူတွေကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း (၁၄နှစ်)၊ အမှုအရမ်းကြီးရင်တော့ သေဒဏ်ပေးတဲ့တရားစီရင်ရေးကိုကျင့်သုံးလာပါတယ်။ ဒီတရားစီရင်ရေးဥပဒေသစ်မှာ မုဒိန်းမှုမှန်သမျှအကျူံးဝင်ပါတယ်။

ပြင်သစ်

ပြင်သစ်နိုင်ငံမှာ မုဒိမ်းမှုကျူးလွန်တဲ့သူကို နှစ်ရှည်ထောင်ဒဏ် (၁၅နှစ်) ချမှတ်ပါတယ်။ ပြီးတော့အမှုကြီးရင် ကြီးတဲ့အလျှောက် ထောင်ဒဏ်နှစ် (၃၀) အထိချမှတ်နိုင်ပါတယ်။

တရုတ်

ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့နိုင်ငံဖြစ်တဲ့အလျောက် ဒီလိုပြစ်မှုမျိုးကိုဒဏ်ပေးတဲ့စနစ်က အတော်လေးပြင်းထန်ပါတယ်။ မည်သည့်မုဒိမ်းမှုမျိုးမဆို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင်သေဒဏ်ပေးပါတယ်။ ဒါတင်မကပါဘူး၊ အချို့အမှုတွေကျတော့ ကျူးလွန်သူကို သင်းကွပ်တဲ့စနစ်ကိုကျင့်သုံးပါသေးတယ်။

ဆော်ဒီအာရေဗျ

တော်တော်လေးရက်စက်တဲ့ပြစ်ဒဏ်ပါ။ သေဒဏ်ဆိုပေမယ့် ကြိုးပေးတာမျိုး၊ ဆေးထိုးကွပ်မျက်တာမျိုး မဟုတ်ဘဲ ကျူးလွန်တဲ့သူကိုစိတ်ငြိမ်ဆေးပေးပြီး လူလယ်ကောင်မှာခေါင်းဖြတ်အပြစ်ပေးတာပါ။ ပြီးတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင်လည်း ဒီခေါင်းဖြတ်တဲ့စနစ်ကိုပဲကျင့်သုံးပါတယ်။

မြောက်ကိုးရီးယား

အာဏာရှင်စနစ်ကိုကျင့်သုံးတဲ့ ဒီနိုင်ငံမှာ မုဒိမ်းမှုကျူးလွန်တဲ့သူတွေကို သေနတ်နဲ့ပစ်သတ်ပြီး တရားစီရင်ပါတယ်။

အာဖဂန်နစ္စတန်

ကဲ ဒီနိုင်ငံလည်း ပြင်းထန်တဲ့ တရားစီရင်ရေးစနစ်ကို ကျင့်သုံးပါတယ်။ ခောင်းကို သေနတ်နဲ့ပစ်ပြီး ကွပ်မျက်တဲ့စနစ်နဲ့ ကြိုးပေးတဲ့ စနစ်နဲ့ ကျူးလွန်သူကို အပြစ်ပေးပါတယ်။

အီဂျစ်

ဒီနိုင်ငံကလည်းကြိုးပေးတဲ့စနစ်ကိုသေဒဏ်အဖြစ် ကျင့်သုံးနေဆဲနိုင်ငံအနည်းငယ်ထဲမှာပါဝင်ပါတယ်။ မုဒိမ်းမှုကျူးလွန်သူတွေကိုလည်းဒီလိုပဲအပြစ်ပေးလေ့ရှိတယ်။

အီရန်

မုဒိမ်းမှုတရားခံတွေကို ကြိုးပေးတဲ့စနစ်နဲ့ အပြစ်ပေးတယ်။ အရပ်သားတရားစီရင်ရေးကျရင် ကျောက်ခဲတွေနဲ့ မသေမချင်းပစ်သတ်တဲ့စနစ်ကို သုံးလေ့ရှိကြပါတယ်။ ၀မ်းနည်းစရာကောင်းတာက မုဒိမ်းကျင့်ခံရတဲ့သူကို အပြစ်တင်တဲ့ဓလေ့ကြီးစိုးနေတုန်းပါပဲ။

အစ္စရေး

ဒီနိုင်ငံမှာတော့ မုဒိမ်းမှုတရားခံကို ထောင်နှစ်ရှည် (၁၆နှစ်) ချမှတ်ပါတယ်။ ပြီးတော့ဒီပြစ်ဒဏ်က လိင်ပိုင်းဆိုင်ရာစော်ကားမှုအားလုံးအတွက်အကျူံးဝင်ပါတယ်။

USA

ဒီနိုင်ငံမှာတော့ ပြစ်မှုကျူးလွန်သူတွေကို သူတို့သေတဲ့အထိ ထောင်ထဲမှာအကျဉ်းချထားမှာဖြစ်ပါတယ်။ ပြည်နယ်တခုစီအလိုက်အပြစ်ပေးပုံချင်းတော့ကွာခြားတယ်။ ဥပမာ အလာဘားမားမှာဆိုရင် သက်ငယ်မုဒိမ်းကျူးလွန်သူတွေကိုထောင်ချတဲ့အပြင် ဆေးနဲ့သင်းကွပ်တဲ့နည်းသုံးပြီးမှထောင်ထဲကလွှတ်ပေးပါတယ်။ ဒီလိုတရားခံတွေနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်တစ်ခုလို့တချို့ကယူဆကြတယ်။

(စာကြွင်း – မြန်မာနိုင်ငံမှာတော့ ၁၂နှစ်အောက်မိန်းကလေးကို မုဒိမ်းမှုကျူးလွန်သူတွေကို ထောင်ဒဏ်တသက်ဖြစ်စေ၊ နှစ် ၂၀ဖြစ်စေပြစ်ဒဏ်ပေးလေ့ရှိပါတယ်။ Victoria တွေထပ်မပေါ်လာစေဖို့ ကလေးတွေကိုအတူလက်တွဲကာကွယ်ကြပါစို့။)



#JusticeForVictoria
#StopChildSexAbuseInMyanmar

No comments:

Post a Comment