(ကြိုက်လို့ရှယ်သည်.....)
ဒီမနက် ယိုးဒယားက မိတ်ဆွေတွေ
အလုပ်ကိစ္စနဲ့ ရန်ကုန်ကို ရောက်လာလို့
လေဆိပ်သွားကြိုတယ် .............
ညပိုင်း ဗဟိုလမ်းက ခုပ်ဖုဆိုင်မှာ
ညစာလိုက်ကျွေးတယ် ..........
ညစာစားရင်း ယိုးဒယား အများစုက
မဘသနဲ့ ကွီးဖြိုး အကြောင်းမေးကြတယ် ...
သူတို့လည်း ယိုးဒယားကနေ
ဒီကိစ္စ ကြားတယ်သိတယ်ပေါ့ ....
ဘာဆက်ဖြစ်မယ်ဆိုတာစိတ်ဝင်စားလို့
ဇာတ်ကြောင်းလေး ဇာတ်ရေလည်အောင်
ပြောပြပါလို့ ဆိုလာတယ် ......
ကျွန်တော် သိသလောက် ရှင်းပြပြီးတဲ့အချိန်မှာ
ယိုးဒယားမိတ်ဆွေထဲမှ တစ်ယောက်က
ငါတို့နိုင်ငံမှာဖြစ်သွားတဲ့ အကြောင်းလေး
ပြောပြမယ် ဆိုပြီး စကားစလာတယ် ...
ဖြစ်စဉ်က .........
ယိုးဒယားက ကမ္ဘာကျော် ကျားမွေးထားတဲ့
ဘုန်းကြီးကျောင်းကို ယိုးဒယားရဲက ဝင်ဖမ်းတယ် ..
ကြိုတင်သတင်းမပေးဘဲ ဝင်ဖမ်းတာ ......
ကျောင်းထဲရှိတဲ့ ကျားမှန်သမျှနိုင်ငံပိုင်သိမ်းလိုက်တယ် ...
ဒီကိစ္စ ကမ္ဘာ့သတင်းပေါ်အထိရောက်ခဲ့တယ် ..
ဘုန်းကြီးကျောင်းထဲရှိတဲ့
ကျားတွေအကုန်အသိမ်းခံရတော့
ကမ္ဘာကျော် ကျားကျောင်းဆိုတာကြီး ပျက်စီးသွားတယ်။
ဘုန်းကြီးတွေ ဝင်ငွေများစွာ ထိခိုက်ခဲ့တယ် ......
သင်္ဃန်းဝတ်ထားတဲ့ ဘုန်းကြီးဟူသမျှ
မည်သည့် ဖမ်းစီးချုပ်နှောင်ခြင်းမျိုးမှမပြုရဆိုတဲ့
ယိုးဒယားဘုရင်ရဲ့ ဥပဒေကြောင့်
ဘုန်းကြီးတွေတော့ အဖမ်းမခံရဘူး ......
ဒါပေမဲ့ ဘုန်းကြီး အများစုက ဒီကိစ္စကို မကျေနပ်ဘူး။
အထူးသဖြင့် အာဏာသိမ်း
ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ဝန်ကြီးချုပ်က
အာဏာသုံးပြီး ဆောင်ရွက်တယ်လို့
ဘုန်းကြီး အများစုကထင်ကြတယ် ......
ဒါကြောင့် ဘုန်းကြီးနဲ့ ဝန်ကြီးချုပ်တို့
အစေး မကပ်တော့ဘူး ဖြစ်လာတယ် ......
သဘောကြလို့ပါ
။။။။။။။။။။။။။။။။။။။
ဒါပေမဲ့ ဒီနေရာမှာ ငါတစ်ခုပြောချင်တာက
မင်းတို့ နိုင်ငံလို တစ်ခုခုဖြစ်ရင်
ကွီးဖြိုးကို ဝန်းရံကြတို့ ............
မဘသကို ထောက်ခံကြတို့ဆိုပြီး
ခပ်ပိန်းပိန်း အတွေးတွေနဲ့
ဘေးတီးတဲ့ သူတွေ
ငါတို့နိုင်ငံမှာ မရှိတော့တာကျေးဇူးတင်ရမယ်။
နောက် ပြဿနာဖြစ်ရင်
အကောင်းဆုံး ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့
ကိစ္စကိုသာ ငါတို့ဝိုင်းစဉ်းစားကြတယ် ...
နှစ်ဖွဲ့ကွဲမသွားဘူး .........
ဟိုဘက်လိုလို ဒီဘက်လိုလိုနဲ့
ပူးသတ်မဲ့ကောင် ပေါ်မလာခဲ့ဘူး ........
ဒီလိုဘာလို့မဖြစ်တာလဲဆိုတော့
ဒို့ခံလိုက်ရဘူးလို့ .....................
ဒို့ အနီနဲ့အဝါ နှစ်ဖွဲ့ကွဲတာ
ကြားကအစိမ်းစားသွားတာခံခဲ့ရတယ်လေ ...
မင်းတို့ကအခုထိ အမှတ်မရှိသေးဘူး ....
အခုထိ ပိန်းတုံး အတုံး ကွဲကောင်းတုံး
တစ်ခုခုဆို ပြသာနာရဲ့ အခြေခံကို မရှာဘူး ...
ဝူးဝူးဝါးဝါး ဝင်လုပ်လိုက်ရမှကျေနပ်တယ် ...
အခု ကျားကျောင်းကိစ္စ
ဝန်ကြီးချုပ်နဲ့ ဘုန်းကြီးတွေ တင်းမာနေတာ
ဘယ်လိုပြေလည်သွားတယ်လို့ မင်းထင်သလဲ ???
ဘုန်းကြီးတွေဘက်က တစ်နိုင်ငံလုံးက
ဘုန်းကြီးတွေကို စည်းရုံးတယ် .........
အခု ကျားကျောင်းကို ဥပမာကြည့်ကြ
ဒို့ဘုန်းကြီးတွေကို စတင်နှိပ်ကွပ်နေပြီ
ဘုန်းကြီးတွေရဲ့ အကျိုးစီးပွားကိုဖျက်စီးနေပြီ
ညီညွတ်ကြလို့ စည်းရုံးတယ် .......
ဒီအခြေအနေ ကို ဝန်ကြီးချုပ်ကသိတယ် .....
ဘုရင့်ဥပဒေတိုင်း ဘယ်ဘုန်းကြီးကိုမှ
အသားလွတ်ဖမ်းလို့မရဘူး .......
ဒါကြောင့် ဘုန်းကြီးအားလုံးကိုစောင့်ကြည့်တယ် ..
ဒီလိုဖြစ်နေတဲ့အချိန်မှာ
တစ်တိုင်းပြည်လုံးက ဘုန်းကြီးဘက်
ဝန်ကြီး ချုပ်ဘက်ဆိုပြီး ဘေးမတီးဘူး ....
အသာကြည့်နေတယ် .....
ဒီကိစ္စကို ဘယ်လိုပြေလည်မူရအောင်
လုပ်မလဲလို့ ဝိုင်းစဉ်းစားကြတယ် ........
နောက်တော့ အဖွဲ့တစ်ဖွဲ့ပေါ်လာတယ်
ဘုန်းကြီးတွေဘက်က ဖြစ်ချင်တာကို
ဘုန်းကြီးတွေကိုယ်စား ဝန်ကြီးချုပ်အထိ
ရောက်အောင်ပြောပေးမယ်ဆိုပြီး
အဲ့ဒီအဖွဲ့က ဘုန်းကြီးတွေကိုနားချတယ် ....
ဒါ့အပြင် ဝန်ကြီးချုပ်ကို
ဘာကြောင့် ကျားမွေးရတယ်ဆိုတဲ့
အစီရင်ခံစာ တစ်စောင်ကို ဘုန်းကြီးတွေကိုယ်စား
အဲ့ဒီအဖွဲ့ကရေးပေးတယ် .......
နောက် ဝန်ကြီးချုပ်ဆီရောက်အောင်ပို့တယ် ....
ဝန်ကြီးချုပ်က အစီရင်ခံစာ ဖတ်ပြီးတာနဲ့
ကျားကျောင်း ပြန်လည်ထူထောင်ရေး
ကော်မတီဖွဲ့ပေးတယ် .......
ကျားမွေးစရာမလိုဘဲ
သာသနာအလုပ်အေးအေးဆေးဆေး
လုပ်နိုင် အောင် ဝန်ကြီးချုပ် ရန်ပုံငွေကနေ
ကျောင်းအတွက် လစဉ်ထောက်ပံ့ငွေ ပေးမယ်လို့
အကြောင်းပြန်တယ် ..............
ဒါအပြင် ကျားကျောင်းက ဆရာတော်နဲ့
အခြား ဆရာတော်များကို ဝန်ကြီးချုပ်ရုံးကို
ပင့်လို့ ဘာကြောင့်ကျားကျောင်းကို
ဝင်ဖမ်းရလဲဆိုတာရှင်းပြတယ်။
အထူးသဖြင့် နိုင်ငံတကာမှ
မိမိတို့ ယိုးဒယားနိုင်ငံရှိ ဒီကျားကျောင်းကို
ထောက်ပြ၍ ဖိအားပေးနေကြောင်း၊
ရှားပါးသဘာဝသားရဲ တိရစ္ဆာန်များ
ရောင်းဝယ် ဖောက်ကားမူကို
တားမြစ်သည့်နိုင်ငံတကာ ဥပဒေကို
မိမိတို့နိုင်ငံမှလက်မှတ်ထိုးထားကြောင်း
နိုင်ငံတကာရဲ့ ဖိအားကြောင့် လုပ်ပြရတာဖြစ်ကြောင်း
ကိုနားလည်စေလိုကြောင်း
စသည်ဖြင့် ဘုန်းကြီးများနားလည်အောင် ရှင်းပြတယ်။
ဒါအပြင် ကျားကျောင်းကို ဘာကြောင့်
ဝင်ဖမ်းရသလဲဆိုတဲ့ အစီရင်ခံစာကို
ဝန်ကြီးချုပ်ရုံးကနေ တစ်နိုင်ငံလုံးရှိ
ဘုန်းကြီးကျောင်းတိုင်းကိုပို့လိုက်တယ်
ဒီလိုနဲ့ အားလုံး ပြေလည်သွားတယ် ........
ဒီနေရာမှာ သူက ရယ်စရာအနေနဲ့ တစ်ခုထည့်ပြောတယ် ...
ဝန်ကြီးချုပ်နဲ့တွေ့တော့ ကျားကျောင်းက
ဆရာတော်တစ်ပါးက သူ လက်သပ် မွေးထားတဲ့
ကျားကြီးကို မခွဲနိုင်ကြောင်း
ကျားကြီးအား တစ်ပတ်တစ်ခါ
သူနဲ့ပေးတွေ့ဖို့တောင်းဆိုတယ် ......
ဒါကိုဝန်ကြီးချုပ်က လက်ခံခွင့်ပြုလိုက်တယ် ....
ဒါနဲ့ ကျားကြီးနဲ့ တွေ့ခွင့်တောင်းတဲ့ ဆရာတော်က
နောက်နေ့ ကျားကြီးရှိရာ သဘာဝ ဘေးမဲ့တောကို
ရောက်လာတယ် .........
ဒီအချိန်မှာ ဘေးမဲ့တောမှ တာဝန်ရှိသူတွေက
ကျားကြီးနဲ့မတွေ့ဖို့ တားတယ်။
ဒါကို ဆရာတော်က လက်မခံဘူး
ဝန်ကြီးချုပ်ကိုယ်တိုင် ခွင့်ပြုထားတာ။
ငါကိုမတားနဲ့ ငါ့သားကြီးနဲ့ တွေ့မယ်ဆိုပြီး
ပြောမရဖြစ်နေတယ် ............
ဘေးမဲ့တောမှ တာဝန်ရှိသူတွေက
ကျားက တောစိတ်ဝင်သွားပြီဖြစ်လို့
အသက်အန္တရာယ်ရှိလို့
တားတာဖြစ်ကြောင်းရှင်းပြတယ် ........
ဆရာတော်က သူမွေးထဲက
ငါကိုယ်တိုင်နို့တိုက်လာတာ
ငါ့ကိုဘယ်လိုလုပ် အန္တရာယ်ပြုမှာလဲ ....
မတားနဲ့ ... ငါ့သားကြီးနဲ့သာ ပေးတွေ့လို့ ဆိုပြီး
အတင်းတောထဲဝင်သွားတယ် ........
၁၀ မိနစ် လောက်ကြာတော့
ဆရာတော် သင်္ဃန်းမပါဘဲ တောထဲကနေ
ပြန်ပြေးလာတယ်ဆိုပြီး အားလုံး ရယ်ကြတယ် ....
သူပြောပြတာ နားထောင်ပြီးတဲ့အချိန်
ယိုးဒယားတစ်ယောက်က ကျွန်တော့်ကို မေးတယ် ...
မြန်မာတွေ ဘာလို့ တစ်ယောက်နဲ့တစ်ယောက်
မျက်နှာချင်းဆိုင်ပြီး စကားမပြောကြတာလဲ ????
ဘာလို့ တစ်ယောက် နဲ့တစ်ယောက်
ညှိဖို့ဝန်လေးတာလဲ ??????
နောက် အဆိုးဆုံးက ကိုယ်ပြောချင်တာကို
ဘာလို့ မီဒီယာ ကြားခံပြီးပြောတာလဲ ????
မီဒီယာက ပြန်လည်တင်ပြတဲ့အခါ
အဓိပ္ပာယ် တစ်မျိုးဖြစ်စေတာကို
ဘာလို့သတိမထားကြတာလဲ ?????
ဘုန်းကြီးတွေဘက်က ဘာလို့ ထစ်ခနဲဆို
ဆန္ဒပြဖို့လမ်းကိုသာရွေးတာလဲ ????
ဘာလို့အင်အားပြ ခြိမ်းခြောက်ချင်တာလဲ ???
ကိုယ့်အဖွဲ့ရဲ့ရပ်တည်ချက်ကို
အာဏာရအစိုးရသိအောင်ဘာလို့မတင်ပြတာလဲ ??
ဘာလို့သဘောပေါက်အောင် ရှင်းပြဖို့မကြိုးစားတာလဲ ??
ဒီမိုကရေစီ အစိုးရဆိုပြီး
ဘာလို့ (လိုတယ် မလိုဘူးဆိုတာကို )
ပါးစပ် စကားနဲ့ လျှောက်ပြောနေတာလဲ ???
ပြောချင်ရင်လည်း ဘာလို့
လူမှန်သူမှန်ကို မရွေးတာလဲ ???
ဘာလို့ အခြေအနေ
အချိန်အခါ မကြည့်တတ်တာလဲ ???
နောက် ပြသနာဖြစ်လာရင်
ဘာလို့ကြီးတဲ့အထိ စောင့်နေတာလဲ ????
ပြသနာဖြစ်စဉ်ကို ရှူမြင်တဲ့အခါ
ဘာလို့ ခံစားချက် နာကျည်းချက်
တွေကို ရှေ့တန်းတင်ပြီးကြည့်တာလဲ ???
အစိုးရကိုယ်တိုင်က ကိုယ့်ရဲ့
အခက်အခဲဖိအားကို ပြည်သူသိအောင်
ရှင်းပြဖို့ ဘာလို့ဝန်လေးတာလဲ ?????
အစိုးရကိုယ်တိုင် တချို့ဆက်ဆံမူတွေမှာ
မတူသလိုမတန်သလို ပုံစံမျိုးလုပ်တာလဲ ????
အထူးသဖြင့် ရှင်းပြနေစရာမလိုဘူး၊
ပြန်ရှင်းနေမှာ မဟုတ်ဘူး (ပန်းနဲ့ပေါက်သလိုပဲ)
စသည်ဖြင့် ဘာလို့ကလေးဆန်ဆန်
အကွက်တွေထုတ်သုံးတာလဲ ?????
ဝန်းရံသူ ဝန်းရံသူ ဆိုပြီး
ဘာလို့ ခြေထိုးတဲ့သူ
အဆင်းဘီးတပ်တဲ့သူ ပေါတာလဲ ?????
ပြဿနာအတွက် အကောင်းဆုံးအဖြေကို
ဝိုင်းမစဉ်းစားဘဲ ဝန်းရံသူအဆင့်ကနေ
ထိုင်အော်နေတာလဲ ???????????
စသည်ဖြင့် မေးခွန်းပေါင်းများစွာကို
ကျွန်တော့်ကိုမေးနေတယ် ............
ဒါပေမဲ့ သူမေးတဲ့မေးခွန်းတွေ
ဖြေဖို့ကျွန်တော်မှာ အဖြေမရှိလို့
ခုပ်ဖုဆိုင်ရဲ့ နံမည်ကြီး ဝက်သဲကြော် ပန်းကန်ကို
အနားဆွဲလို့ တစ်ပန်းကန်လုံးကုန်အောင် ထိုင်စားနေမိတယ်။
ဒီညစားခဲ့တဲ့ ဝက်သဲကြော်က ခါးလွန်းအားကြီးတယ် ..... ။ ။
Credit Ya Na Da Bone
No comments:
Post a Comment