Tuesday, July 16, 2019

သမိုင်းထဲက ဒဏ္ဏာရီ… ဒဏ္ဏာရီထဲက ပုဂံ (#အပိုင်း၂)

သမိုင်းထဲက ဒဏ္ဏာရီ… ဒဏ္ဏာရီထဲက ပုဂံ (#အပိုင်း၂)
==============================

အနော်ရထာ နှင့် ဗျဝိ ဗျတ္တ
_________________

ထိုစဉ် အနော်ရထာမင်းကြီးလည်း ကျန်စစ်သားအား လူပြုစေ၍ အပါးတော်တွင် ခစားစေတော့သည်။ထိုမှတစ်ဖန် မြင်းမူအရပ်၌ ထန်းပင်တစ်ထောင်အား နေ့ချင်းပြီး လှီးဖြတ်နိုင်သော ငထွေးရူးအားလည်းကောင်း၊ပုပ္ပါးအရပ်မှ နွားအရှဉ်း ၃၀ ဖြင့်ဧကများစွာ လည်ထွန်နိုင်သော ငလုံးလက်ဖယ်အားလည်းကောင်း၊ညောင်ဦးအရပ်၌ ညောင်ဦးကမ်း နှင့် အောင်သာ ကမ်းသို့ မြစ်ကို ကြိမ်ဖန်များစွာ ကူးနိုင်သော ညောင်ဦးဖီးတို့အားလည်းကာင်း၊မိမိအပါး၌ ခစားစေပြီး သားအရင်းများကဲ့သို့ချစ်မြတ်နိုးလေ၏။

             တစ်ရံသောအခါ လက်ထုပ်အရပ်၌ ကြိုးနှင့်တစ်ကွ မြင်းလေးစီးသည် လူတို့ဖမ်း၍လည်းမရ၊အရှင်လည်းအရှိဟု အနော်ရထာအားလာရောက်လျှောက်လေရာ သူရဲကောင်းလေးယောက်လွတ်၍ ဖမ်းစေ၏။

အဆိုပါ လေးယောက်လည်း မြင်းများအား ရေသို့ချပြီး တက်စီး၍ ဆောင်ယူပြီး အနော်ရထာအားဆက်လေသည်။အနော်ရထာမှ သူရဲကောင်းလေးဦးအား ပြန်လည်ပေးအပ်လေသည်။

အဆိုပါမြင်းများမှာအနော်ရထာစီးသော မြင်းမှာ ဖခင်ကြာင်းဖြူမင်းအား သိကြားမင်းပေးအပ်သော ခန္တီကလက်လှမြင်း၊ကျန်စစ်သားကား နှလုံးကွန့်ခေါင်မြင်း၊ငလုံးလက်ဖယ်ကား လေမိုးယဉ်ခေါင်မြင်း၊ငထွေးရူးကား နှလုံးလျင်တိုင်းမြင်း၊ညောင်ဦးဖီးကား နှလုံးအတုမရှိဟု အသီးသီးအမည်တွင်ပြီး အဆိုပါမြင်းများမှာ နတ်မြင်းများသာဖြစ်ကြလေတော့သည်။

             ထိုစဉ်က မင်းအဆက်ဆက်တို့သည် သမထီးအရပ်၌ သီတင်းသုံးသော အရည်းကြီးသုံးကျိပ်နှင့်တပည့်ခြောက်သောင်းတို့၏ အဆုံးအမကိုခံ၍ မှားသောအယူကိုတည်ကြကုန်သည်။

ထိုအရည်းကြီးတို့သည် မိမိတို့ဆန္ဒအားလျှော်စာကြမ်းပြု၍ လူတို့အားလှည့်ပတ်ဖျားယောင်းပြီး တရားဟောလေသည်။ထိုတရားကား သူ့အသက်ကိုသတ်မိသောသူသည် ဤပရိတ်ကိုရွတ်သော် ကမ္မပထ မှလွတ်၏၊

မိဘ ကိုသတ်မိသောသူသည်လည်း ပဉ္စာနန္တိယ ကံမှ လွတ်သည်ဟူ၍လည်းကောင်း၊မင်းအစရှိသော ပြည်သူပြည်သားတို့ ထိမ်းမြှားပြုသောအခါ ညဦးတွင်ထိုသူတို့အားပို့၍ နံနက်မိုးသောက်ပြန်လွှတ်မှ ထိမ်းမြှားရ၏။

(ဤသည်ကို ပန်းဦးလွှတ်သည်ခေါ်၏) ထိုသို့ မဟုတ်သောတရားကို အနော်ရထာမင်းမှ မနှစ်သက်၍ မှားသောအယူဟု ထင်မှတ်ယူပြီး နောင်တော်စုက္ကတေး၊ကိုယ်ဝန်ဆောင်များ၊နို့စို့ကလေးငယ်များ၊နွားကျောင်းသားများ အစရှိသည်တို့ကို သတ်မိလေသောကြောင့် ကြီးစွာသော နောင်တ နှင့် ထိတ်လန့်ခြင်းသို့ ရောက်နေလေတော့သည်။

      ထိုအခါ ရှင်အရဟံသည် သာသနာမတည်သေးသာ ပေါက္ကာရာမသို့ သာသနာပြုရန်ကြွလာရာ ပေါက္ကာရာမနှင့် မနီးမဝေးသော တောအရပ်၌သီတင်းသုံးနေလေ၏။

သိကြားမင်းလည်း မုဆိုးတစ်ဦးအား လှည့်ပတ်၍ ရှင်အရဟံကိုမြင်စေပြီးလျှင် မုဆိုးမှ လူမဟုတ်၊ဘီလူး၊လူရိုင်း တစ်ခုခုဖြစ်တန်ရာ၏ဟု ယူဆပြီး အနော်ရထာထံသို့ ခေါ်ဆောင်လာလေတော့သည်။အနော်ရထာလည်း မြတ်သောဣဒြေ္ဒနှင့် ပြည့်စုံတော်မူသော ရှင်အရဟံကို မြင်တော်မူလေလျှင်ဤသူကား လူရိုင်းမဟုတ်၊မြတ်သောသူတည်း။

ဤသူ၏ကိုယ်တွင်း၌ မြတ်သောတရားများ ရှိအံ့။အနော်ရထာလည်း ဤသို့ကြံလေ၏" ဤသူသည် မြတ်သောသူဖြစ်လျှင် မြတ်သောနေရာ၌ နေလတ္တံ့၊ယုတ်သောသူဖြစ်ကား ယုတ်သောနေရာ၌နေလတ္တံ့ "။သင့်တင့်လျောက်ပတ်သောနေရာ၌ နေပါလေဟု ဆိုလေ၏။

ရှင်အရဟံလည်း ကြီးမြတ်သော အဖြစ်ကို သိစေလိုခြင်းဌာ မြတ်သောရာဇပလ္လင်ပေါ်သို့ တက်၍ သီတင်းသုံးတော်မူလေ၏။ မင်းကြီးလည်း " ငါ့အရှင်...ဆရာဘုရားသခင် ဟောတော်မူတတ်သော တရားတော်ကို တစ်စိတ်တစ်ဒေသမျှ ငါ့အား ဟောတော်မူပါလော "ဟူ၍ တောင်းပန်၏။

                 ရှင်အရဟံလည်း သီရိဓမ္မာသောကမင်းကြီးအား နိဂြောဓသာမဏေ ဟောတော်မူအပ်သော အပမ္မာဒ အစရှိသော တရားတော်ကို ဟောတော်မူလေရာ မင်းကြီးနှလုံးသားဝယ် ကြည်ညိုသဒ္ဓါစိတ်များအကြိမ်ကြိမ်ပွားများလျက် ရှိနေတော့သည်။

တရားဆုံးသော် မင်းကြီးလည်း ၊ငါ့အရှင် အဆုံးအမကို ခံတော့မည် " ဟူ၍ မြတ်သောအရပ်၌ သာယာလှပစွာသော ရတနာအတိဖြင့် တန်ဆာဆင်အပ်သော ကျောင်းကို ဆောက်လုပ်လှူဒါန်းလေ၏ ၊ တိထ္ထိ ဖြစ်သော အရည်းကြီးတို့အယူကိုလည်း ပယ်၏ ၊ ပြည်သူပြည်သားများကိုလည်း ထိုအယူကိုပယ်၍ ကောင်းသောတရား၌ တည်ကြစေလေတော့သည်။

                    ထိုစဉ် အရည်းကြီးတို့သည် လာဘ်လာဘ လျော့နည်း ကုန်သည်ဖြစ်၍ ရှင်အရဟံအား ကြီးစွာသောအငြိုး ထားကြလေတော့သည်။မင်းကြီးလည်း ထိုအကြံအား ကြိုသိနေလေသောကြောင့် အရည်းကြီး ၃-ကျိပ်နှင့် တပည့် ခြောက်သောင်းတို့ကို နိုင်လောက်အောင်သော အစောင့်တို့ကို ခန့်၍ စောင့်ရလေတော့သည်။

ရှင်အရဟံလည်း သာသနာတော်ကို ကြည်ညိုတော်သူများအား ရဟန်း၊ပဉ္ဇင်း အဖြစ်ကိုဖြစ်စေ၏။အနော်ရထာမှလည်း အရည်းကြီး သုံးကျိပ်နှင့် တပည့်ခြောက်သောင်းတို့ကို လူဝတ်လဲစေ၍ အဲမောင်းကိုင့်၊လှံကိုင်၊ဆင်ချေးကျုံး၊မြင်းချေးကျုံး ထည့်တော်မူလေတော့သည်။အချို့မှာလည်း အရည်းကြီးတို့ အယူကိုသာယူကြလေသည်။

                   ယင်းအခါ၌ သထုံပြည်ဝယ် သင်္ဘောပျက်၍ ဘာသာခြားညီနောင် နှစ်ယောက်တို့သည် ပျဉ်တစ်ချပ်ကိုစီး၍ သထုံသို့ရောက်လာ၏။

သထုံမင်းဆရာ ဘုန်းကြီးသည်လည်း ၎င်းညီနောင်အား ချစ်မြတ်နိုး၍ အပါးတော်၌ ဗျတ်ဝိနှင့်ဗျတ္တဟု အမည်ပေး၍ ထားလေပြီးလျှင် ဆေးမြစ်တူးရန်အလို့ဌာ တောသို့ ခေါ်ဆောင်သွားလေရာ ဝိဇ္ဇာဓိုရ် ဇော်ဂျီတစ်ကောင်သည် အချက်အရာနှင့် သေသည်ကိုတွေ့လေ၏။

အဆိုပါဘုန်းကြီးလည်း ပိဋကတ်၊ဗေဒင်၊ဆေးဝါး၊မန္တားရားတို့ကို အပြီးတိုင်အောင် တတ်မြောက်သော ဘုန်ကြီးဖြစ်လေရာ ဤဇော်ဂျီကောင်အား ဖုတ်ကင်စားသည်ရှိသော် အနာမျိုးပျောက်၏ ။

အသက်ခန္ဓာ မြစ်မြဲစွာရှည်၏ ၊ ဆယ်ရက်သွားရာသောခရီးအား တစ်ရက်တည်းနှင့်သွားနိုင်၏ ၊ အချိန်တစ်ထောင်ရှိသော ဝန်ကို ရွက်ဆောင်နိုင်သော အစွမ်းအားနှင့် ရှိ၏။ယင်းသို့ဖြစ်၍ ဤဇော်ဂျီကောင်အား ထမ်း၍ ကျောင်းသို့ယူဆောင်လာစေ၍ ဆေးတို့စုရုံး၍ ငါစီရင်မည်ဟု ပြောကြားလေ၍ သယ်ဆောင်လာစေတော့သည်။

 (မှတ်ချက်။   ။ဇော်ဂျီ၏သဘောသည်ကား အသက်မရှိလျှင် ပကတိလူခုနှစ်လသားခန့်သာရှိ၏။အဗ္ဘန္တရသရက်သီး၊ဇမ္ဗုသပြေသီိးတို့ကိုသာ စားသောကြောင့် ဇော်ဂျီကောင်၏ အနံ့သည်ကား ဌက်ပျောနံ့ကဲ့သို့ မွှေးကြိုင်နေလေသည်) ။

တစ်ရံသောအခါ ထိုဘုန်းကြီးမရှိခိုက် ထိုကုလားညီနောင်လည်းအဆိုပာဇော်ဂျီအားဖုတ်ကင်၍ စားကြလေတော့သည်။ထိုစဉ် ကုလားညီနောင်လည်း ဆင်ပြောင်ကြီးအားနှင့်တူသော အားကို ပိုင်ဆိုင်၍ နေလေတော့သည်။အဆိုပါသတင်းအား သထုံမင်းကြားလေသော ဗျတ်ဝိနှင့် ဗျတ္တအား ဖမ်းစေ၍ သတ်လေတော့သည်။

အစ်ကိုဗျတ်ဝိအား မယားအိမ်တွင် အိမ်ပျော်နေစဉ် ဖမ်းမိသဖြင့်သတ်လေသည်။ညီမူကား ထွက်ပြေး၍ ပေါက္ကာရာမသို့ ရောက်သော် အနော်ရထာမင်းထံဝယ် ခစားလေ၏။အနော်ရထာမင်းလည်း ဗျတ္တ၏ အရည်အသွားကို မြင်၍ သနားတော်မူသဖြင့် အပါးတော်၌ မပြတ်ခစားစေလေတော့သည်။

သထုံမင်းလည်း ဗျတ်ဝိကို သတ်ပြီးလျှင် မင်းဆရာဘုန်းကြီးနှင့်တိုင်ပင်၍ ဗျတ်ဝိအားခုတ်ပိုင်းပြီးလျှင် မြို့ရိုးပတ်လည်၌ မြှုပ်နှံ၍ထားလေတော့သည်။ထို့ကြောင့် ထိုနေ့မှစ၍ သထုံပြည်ကို ရန်သူအပေါင်းတို့ လာရောက်တိုက်ခိုက် သိမ်းယူနိုင်ခြင်း မရှိတော့ပေ။

                     ဗျတ္တသည်လည်း ပုပ္ပားအရပ်သို့ တစ်နေ့ဆယ်ခေါက် စကားပန်းအား အနော်ရထာမင်းထံသို့ ယူဆောင်ပေးရလေတော့သည်။ထိုစဉ် ပုပ္ပားအရပ်မှ ဘီလူးမနှင့် ဗျတ္တ ချစ်ကြိုက်လေရာ အဆိုပါ ဘီလူးမလည်း လူယောင်ဖန်ဆင်း၍ ဗျတ္တနှင့် ပေါင်းသင်းပြီးလျှင် သားနှစ်ယောက် မွေးဖွှားလေတော့သည်။

အဆိုပါကလေးငယ်နှစ်ဦးအား အနော်ရထာမင်းအပါးတွင် စေပါး၍ နေစေရာ အနော်ရထာမှ ရွှေဖျင်းကြီိး၊ရွှေဖျင်းငယ်ဟု ခေါ်လေတော့သည်။

အနော်ရထာမင်းကြီးသည် ပိဋကတ်-သုံးပုံ၊မွေတော်၊ဓာတ်တော်များစွာရှိသော သထုံပြည်သို့ လိမ္မာသော အမတ်တစ်ယောက်အား လွှတ်၍ လက်ဆောင် ပဏ္ဍာများနှင့် ပူဇော်ရန်အလို့ဌာ စေလွှတ်လေတော့သည်။သထုံမင်း(မနူဟာမင်း)က " အရိုင်းတို့နှင့် အရာလော" ဟု မပေးဘဲ ဆိုလေရာ အနော်ရထာမင်းလည်း ပြင်းစွာအမျက်ထွက်၍ သထုံပြည်သို့ ချီတက်တိုက်ခိုက်လေတော့သည်။

               အနော်ရထာမင်းမှ သထုံသို့ချီတက်တိုက်ခိုက်စဉ် နိုင်ငံတော်ရှိသူရဲသူခက်များစုရုံး၍ ရေကြောင်း၊ကြည်းကြောင်း ဖြင့်ချီတက်လေ၏။ကြည်းကြောင်းမှာကား ကျန်စစ်သား၊ငထွေးရူး၊ငလုံးလက်ဖယ်၊ညောင်ဦးဘီး စစ်သူကြီးလေးယောက်မှ တပ်ဖျားချီ၍ အနော်ရထာကား နောက်ထပ်တပ်မပြု၍ ချီလေသည်။

သထုံမင်း(မနူဟာ)လည်း အနော်ရထာမင်းမှ နတ်မြင်းသည်စစ်သူကြီးလေးပါးနှင့်တစ်ကွ မရေတွက်နိုင်သောစစ်သည်တို့ ချီလာပြီဟူ၍ကြားလေသော်     လွန်စွာကြောက်ရွံ့၍  မြို့တံခါးအားပိတ်ပြီး  မြို့ကိုခိုင်လုံအောင်ပြု၍ ခံစစ်ပြင်လေတော့သည်။စစ်သူကြီးလေးပါး ဦးဆောင်၍  မြို့ကိုတက်၍တိုက်ခိုက်လေရာ  မည်သို့မျှတိုက်၍မရချေ။

အဘယ့်ကြောင့်ဆိုသော်   ဖော်ပြခဲ့သော  ဗျတ်ဝိ၏ခန္ဓာကိုယ်အစိတ်အပိုင်းများ မြှုပ်နှံထား၍ အစောင့်ချထားသောကြောင့်ဖြစ်သည်။အနော်ရထာမင်းမှ ဟူးရားဖြူ၊ဟူးရားညိုတို့နှင့်တိုင်ပင်၍  ကုလားခြေလျင်ဖြစ်သော ဗျတ္တအားတာဝန်ပေးလေသည်။

အဆိုပါဗျတ္တလည်း  ညဥ့်အခါတွင်မြို့အတွင်းသို့ဝင်၍  မရီးဖြစ်သူအားမေးမြန်းပြီး  အစ်ကိုဖြစ်သူဗျတ်ဝိ၏  ခန္ဓာကိုယ်အစိတ်အပိုင်းများအား တူးယူဖယ်ရှားလေတော့သည်။(မှတ်ချက်။  ။ညီဖြစ်သောကြောင့် မြို့တွင်းသို့ဝင်၍ရသည်ဟု ယူဆရပါသည်)ထိုအချိန်မှ သထုံကိုတိုက်ခိုက်၍အောင်မြင်လေသည်။

             မနူဟာမင်းနှင့်တစ်ကွ သား၊မယား၊မှုးမတ်တို့ကိုဖမ်းဆီး၍  ပိဋကတ်သုံးပုံနှင့်တစ်ကွ ဘုရားဓာတ်တော်၊မွေတော်များနှင့် ပန်းပု၊ပန်းချီ..................  စသောပညာသည်များနှင့်  အရိယာသံဃာတော်များအားပေါက္ကာရာမသို့ခေါ်ဆောင်သွားလေတော့သည်။မနူဟာမင်းအား မြင်းကပါအရပ်၌ အလုပ်အကျွေးနှင့်တကွထားလေသည်။

အနော်ရထာမင်းအား မနူဟာမင်းမှ ဖူးမြှော်ဦးချလေသော် အာခံတွင်းမှ စက်ပြောင်ပြောင် အရောင်ထွက်၍ ကြက်သိမ်းမွှေးညင်း ထသည်ဟူ၏။မနူဟာမင်း၏ဘုန်းတန်ခိုးအား ကွယ်ပျောက်စေရန် ဘုရားဆွမ်းတော်တင်သော ဆွမ်းအားစွန့်၍ မမြတ်သောအရပ်၌ ထားစေပြီးလျှင် မနူဟာမင်းအား ကျွေးလေတော့သည်။ထိုအချိန်မှစ၍ မနူဟာမင်းလည်း ဘုန်းတန်ခိုးကွယ်ပျောက်လေတော့သည်။

ထိုမှတစ်ဖန် ဘုရားကျွန်အဖြစ်သို့ပါ လှူဒါန်းလိုက်လေတော့သည်။မနူဟာမင်းလည်း မစူးစမ်းမဆင်ခြင်ဘဲ စားသုံးမိသည်ဖြစ်၍ ဘုန်းတန်ခိုးကွယ်ပျောက်သည်ကို များစွာ နှလုံးမလှသည်ဖြစ်၍ မိမိ၏ လက်စွပ်အား ရောင်းချပြီးလေလျှင် ကြီးစွာသော ဘုရားထက်ဝယ်တော်တစ်ဆူ၊ပရိနိဗ္ဗာန်ပြုတော်မူဟန် ပေါင်းလဲတစ်ဆူ တည်တော်မူ၏။

( ထိုဘုရားကို ယခုတိုင်အောင် " မနူဟာ " ဟူ၍တွင်၏ ) ထိုစဉ်တွင် ဗျတ္တသည်လည်း မိမိ၏သားနှစ်ပါးအား ချစ်မြတ်နိုး၍ ထိန်းကျောင်းသည်ကို မလိုလားသော မှူးမတ်တို့မှ တာဝန်လစ်ဟင်းသည်ဟု ကုန်းချောလေရာ အနော်ရထာမင်းမှ မစူးစမ်းမဆင်ခြင် ကွပ်မျက်၍ သတ်ခိုင်းစေလေတော့သည်။

                       တရုတ်ပြည်တွင် ဘုရားစွယ်တော်ရှိသည်ဟု အနော်ရထာမင်းကြားလေသော် စွယ်တော်တောင်းရန်အတွက် တရုတ်ပြည်သို့ စစ်အင်အား အလုံးအရင်းနှင့် ချီတက်လေတော့သည်။  ။

(ဆက်ရန်အပိုင်း၃)
အနော်ရထာနှင့်နတ်စစ်သည်(၄)ဦး......

#Credit_Org

No comments:

Post a Comment