Sunday, July 14, 2019

🍀 အညာသားစကား 🍀

🍀 အညာသားစကား 🍀

•••••••••••••••••••••••••
ဖတ်ကြည့်နော်… 😁

🍀 ပြောကြရင်တာ အညာ-အညာနဲ့
တကယ်တမ်းကျတော့
ညာဖို့ နေနေသာသာ
ရိုးပုံရိုးလက်က လက်ဖျားခါတယ်။

တမာ-ထနောင်းကို
ချန်ထားပြီး
အညာအကြောင်းပြောမယ်ဆို
ဆားမပါတဲ့ အသားကို
သွားမပါပဲ စားရသလိုနေမှာပေါ့…

အညာကိုရောက်ရင်
မန်းကျည်းရွက်
ညောင်ရွက်
ထနောင်းရွက်
ကုက္ကိုရွက်
ကိုယ့်လူ သုပ်ချင်သာ သုပ်။

စေတနာကိုတော့…အိုးမည်းမသုပ်နဲ့။

🍀 အုတ်ခဲနဲ့ လုပ်ခွဲလိုက်လို့
တုတ်ဆွဲ
ဓားဆွဲနဲ့
အကျိုးနည်းသွားမယ် ဘာမှတ်။

အညာသား အညာသူဆိုတာ…
အကြောင်းသိတွေမို့
သဘောကောင်းရင် အညောင်းမိနေရင်တောင်
ကျောထောင်းပေးတယ်။

အေး…
အကြောင်းမသင့်လို့ သဘောဆိုးလို့ကတော့
မောင့်ကျောရိုးတော့ ကွဲပြီသာမှတ်။

အသားညိုသလေး
စကားပိုသလေး လာမပြောနဲ့။

ထက်စရာရှိရင်
ဓားလို ထက်ကြသူချည်း။

ရေနောက်သလေး
မြက်ခြောက်သလေး လာမပြောနဲ့။

ကြောက်စရာရှိလည်း
ကြက်ပျောက် ငှက်ပျောက်ကို ပျောက်ရော။

🍀 အညာသူ အညာသားဆိုတာ…
ချစ်ရင်သာ အစွဲချစ်သာရယ်
မုန်းရင်တော့ ခဲတစ်ပစ်သာသာပဲ။

ကဲ…
ဘယ်လောက်ကြာမှတ်လို့။

ဒါတောင်
နဂိုချောတာ ထည့်မပြောဘူး။
အပျိုပေါတာ ထည့်မပြောဘူး။
သနပ်ခါးပေါတာ ထည့်မပြောဘူး။
အရက်သမားပေါတာ ထည့်မပြောဘူး။
သံဃာပေါတာ ထည့်မပြောဘူး။
ကြံသကာပေါတာ ထည့်မပြောဘူး။

🍀 နှစ်ဖက်ခွဲနဲ့ ထလက်(ထန်းလက်)တဲမှာ
လက်ဖက်ပွဲနဲ့ ထညက်(ထန်းလျက်)ခဲကို
ပွဲတော်တည်ပြီး
လေအေးလေး တိုးလာရင်
ရေနွေးအိုးလေးကို အသာအယာငှဲ့
ဒါကိုက
အညာရဲ့အရသာပဲ။      ။

Credit...  မူရင်းရေးသူ

No comments:

Post a Comment