Monday, July 15, 2019

ကိုယ့် Product အကြောင်း Customer တွေသိအောင် ကြော်ငြာတဲ့ အခါ မှာ ATL, BTL နဲ့  TTL ဆိုတာတွေကို သိဖို့ လိုပါတယ်….

ကိုယ့် Product အကြောင်း Customer တွေသိအောင်
ကြော်ငြာတဲ့ အခါ မှာ ATL, BTL နဲ့  TTL ဆိုတာတွေကို
သိဖို့ လိုပါတယ်….
--------------------------------------------
ATL (Above the Line) နဲ့  BTL (Below the Line) ဆိုတာက Advertise (ကြော်ငာ) တဲ့ Medium တွေ ကိုပြောတာပါ။ ကျွန်တော် တို့ က ကြော်ငြာပြီဆို ကိုယ်ဘယ်က ကြော်ငာရမလဲဆိုတာ ကို သိမှ အဆင်ပြေမှာလေ။ သူများ TV မှာ ကြော်ငြာတိုင်း ကိုယ် ကြော်ငြာလို့ မှ မရတာ ကိုယ့် Budget နဲ့ ကိုယ် ကိုက်အောင်ကလဲ လုပ်ရဦးမှာကိုး။ အဲ့တော့ အခု ATL,BTL နဲ့ TTL သုံးမျိုးကို သိသွားပြီဆိုရင် ဘယ်နေရာတွေက နေ ကြော်ငြာလို့ ရ လဲ ၊ ကိုယ် ဘယ်ကနေကြော်ငြာသင့်လဲ ၊ ဘယ် Platform/Medium သုံးမလဲ ဆိုတာ သဲသဲကွဲကွဲ နားလည်သွားမှာပါ။

-------------------------------
✅ Above The Line (ATL)  ✅
------------------------------
- ATL ဥပမာတွေက

☑️ TV, Radio, Magazine, Billboards, Newspaper, Big Event Sponsorship (Eg. Foodball)

✴️ အားသာချက်နဲ့ အသုံးချပုံ

သူက Media တွေ ကို အဓိက အသုံးချ တာမျိုး။ ATL လုပ်တဲ့ရည်ရွယ်ချက်က ကိုယ့်ကြော်ငြာကို လူတွေ အများကြီး မြင်စေချင်တာပါ ။ သူက Branding ကို ဦးစားပေး တာပါ။ Brand Building လုပ်တာပေါ့ ။ ကိုယ့် Business ကိုယ့် Product ရဲ့ အသုံးဝင်ပုံတွေ၊ ကောင်းကျိုးတွေ ကို လူတွေ အများကြီး သတိထားမိအောင်ကြော်ငြာတာမျိုးဖြစ်ပါတယ်။ ATL marketing လုပ်ရင် နိုင်ငံ အတိုင်းအတာအထိ ကိုယ့် Brand ကို သိလာနိုင်ပါတယ်။ နောက်တစ်ခုက Brand Strong ဖြစ်တာမြန်ပါတယ်။

⛔️ အားနည်းချက်

ATL marketing က ဈေး အတိုင်း အတာနဲ့ ဆိုရင် Small Business အတွက် တော်တော် ကို ကြီးပါတယ်။ အဲ့တော့ ကိုယ် က ကိုယ် ပိုင် Business နဲ့ စမယ်ဆိုရင် ATL နဲ့  စလို့ မလွယ်ပါဘူး။ ATL က Corporate တွေ သုံးကြတာများပါတယ်။

✳️ ရလဒ်ကို ဘယ်လိုတိုင်းတာလဲ

လူတွေ က ကိုယ့်ကြော်ငြာကိုဘယ်လောက်တွေ ကြည့်ဖြစ်ပြီးဘယ်လောက် မှတ်မိကြလဲ၊ လူဘယ်လောက်များများအထိ ကိုယ့် ကြော်ငာကရောက်လဲ၊ ကိုယ်ကြော်ငြာကို Platformဘယ်နှခု အထိ တင်နိုင်လဲ။

------------------------------
✅Below The Line (BTL) ✅
------------------------------

BTL က ကျတော့ လူအများ ကြီးမရောက်ပေမဲ့ Sales Conversion ကိုဖြစ်စေတဲ့ နည်းတစ်ခုဖြစ်တယ်။

BTL examples

☑️ Posters, Flyers, Banners, Pamphlets, Brochures
Road shows, Direct marketing, Telemarketing, E-mail marketing

✴️ အားသာချက်နဲ့ အသုံးချပုံ

BTL ကိုကျတော့ ရောင်းရဖို့ အပြင် Customer Loyalty ဖြစ် အောင်လုပ်တဲ့ နေရာမှာအသုံးဝင်ပါတယ်။ သူက ဈေး အကုန်အကျ နည်းတဲ့ အတွက် Small Business တွေ မှာလဲ သုံး လို့ ရပြီး တော်တော် အရေးပါတဲ့ နည်းလမ်းတစ်ခု လို့ ပြောနိုင်ပါတယ်။

⛔️ အားနည်းချက်

BTL က လူ သောင်းနဲ့ ချီ သိန်းနဲ့ချီ သိအောင်မလုပ်ပေးနိုင်ပါဘူး။ ကိုယ်ရောင်းချမဲ့ လူ အနည်းငယ်ပဲ သိပြီးတော့ ပစ္စည်းရောင်းထွက် တာမျိုးပဲရှိတာမျိုးပါ။ လူတွေ ကိုသိစေချင်လို့ Branding တည်ဆောက်တဲ့ အခါမျိုးဆိုရင် BTL က သိပ် အသုံးပြုဖို့ မသင့်တော်ပါဘူး။

✳️ ရလဒ်ကို ဘယ်လိုတိုင်းတာလဲ

လူဘယ်နှယောက် ကိုယ့် ပစ္စည်းကို စိတ်ဝင်စားလို့ လာကြည့်လဲ
လူဘယ်နှယာက် ၀ယ်ကြလဲ
Online ကနေ E-mail နဲ့ ပို့ တယ် ဆို E-mail ဘယ်နှ ခု Reply လာလဲ
ဒါတွေ နဲ့ တိုင်းတာပြီး တော့ ကိုယ် သုံးတဲ့ Strategy မှန်မမှန် စဉ်းစားလို့ ရပါတယ် ။

ATL နဲ့ BTL နှစ်ခုလုံး ပေါင်းထားတဲ့ နည်းတစ်ခုရှိပါတယ် အဲ့တာကတော့ ✅TTL (Through the line) ✅ ပါ။ သူကကျတော့ လူလဲသိမယ် ၀ယ်အောင်လဲ လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုတာပါ။

ဥပမာအနေနဲ့ ဆို Event တွေလုပ်တာ မျိုး Social Media ကို အသုံးချတာမျိုးပါ။ Social Media မှာဆိုရင် Brand awareness ရအောင် အကျယ်တ၀ံ့ လဲ ကြော်ငြာလို့ ရသလို တစ်ချိန်တည်းမှာပဲ ဈေးရောင်းလို့ ရပါတယ်။
အခုကတော့ Social Media ကို အများဆုံသုံးကြပါတယ်၊ Two-way communication ဖြစ်လို့ ပါ့။ လူတွေကလဲ
Brand တွေကို ပြန်ပြီး Communicate လုပ်လို့ ရတာကို။
Credit

No comments:

Post a Comment